Group Blog

  • ကဗျာ၊ စာများ ဖတ်ရှုရာဝယ်

    Posted by Zay / on 02/17/2011 / 0 Comments

    Categories: !!!

    ပဏာမ စကားပလ္လင် ခံလိုသည်။ ဆရာ ဦးရွှေအောင် ( ဝဋံသကာ နှင့် သိရောမဏိ ) ၏ စာဖတ်သူများ စာအုပ် ကျနော် လက်ဝယ်ရောက်သည်မှာ ကြာခဲ့ပါပြီ။ ဒုတိယ ပို့စ်သည် ယင်းစာအုပ်မှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဖြူစင်သော ၊ငြိမ်းချမ်းသော၊ မာန်မာနမပါသော ၊ ပုဂ္ဂိုလ်ရေး ဟုခေါ်သည့် ပညတ် နယ်ပယ်မှ ကင်းလွတ်သော အသိဥာဏ် ရရှိစေရေးကို ဦးတည်၍ စာပေချစ်သူ အများစုက စာပေအစုစုတို့ကို ဖတ်ရှုကြသည်။ လေ့လာ ဆည်းပူးကြသည်။ မည်သည့်စာပေ ၊လင်္ကာ၊ ကဗျာ ကိုမဆို ( ယုတ်သည် ဖြစ်စေ၊ မြတ်သည် ၊ အင်္ဂါရပ် ညီညွတ်သည် ဖြစ်စေ ၊ မညီညွတ်သည် ဖြစ်စေ ) လူတစ်ဦးတစ်ယောက် ဘဝအတွက် သင့်လျော်သော စာပေဟူသည် ဖတ်ရှုသော သူ၏ နှလုံးသွင့် သင့်တင့်မှု ၊ မသင့်တင့်မှု ( ယောနိသော မနသိကာရ နှင့် အယောနိသော မနသိကာရ ) ပေါ်သာ မူတည်သည် ဟု ဆရာ့စကားမှတ်သားခဲ့ရပါသည်။ ယင်းအသိကို ( ကျနော့လို လူပိန်း သာမည အတွက် ) အပြန်အလှန် အပြင်းအထန် ဖတ်ရှုနှလုံးသွင်းသည့်တိုင် ဆယ်စုနှစ် တစ်ခုမျှ ဖြတ်သန်းပြီးမှ ရခဲ့ရသည် ။ ယင်းအတွေး အချို့တစ်စိတ်တစ်ဝက် ကို ပထမပို့စ်တွင် ဖော်ပြထားပြီး၊ ကျနော့်အတွေးသက်သက်သာ ဖြစ်ကြောင်း ဝန်ခံလိုပါသည်။ ဒုတိယ ပို့စ်မှာ ဦးရွှေအောင်၏ ..

 

RSS Feed for this Blog   
 

Join this Group Now!

Forgot Password?

မေတ္တာအေးရိပ်
Powered by Groupsite.com

Visibility Public Membership By Invitation or Approved Request Default Profile Social

Your Status Not Logged-In