ICDL(International Computer Driving licence) စာမေးပွဲများဖြေဆိုနိုင်

ှုICDL (International Computer Driving Licence) ဟုလူသိများသော နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရသင်တန်းများကို PHYO Computer Training Centre တွင်တက်ရောက်ဖြေဆိုနိုင်ပါသည်။ICDL Approved Test Centre တစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် AutoCAD နိုင်ငံတကာ အသိအမှတ် ပြုလက်မှတ်ရ စာမေးပွဲများကို စစ်ဆေးပေးလျှက်ရှိပြီး မတ်လဆန်းပိုင်းမှစ၍ အခြားသော ဘာသာရပ်များကို လည်းဆက်လက်ဖွင့်လှစ်ပို့ချ ဖြေဆိုနိုင်အောင် စီစဉ်ဆောင်ရွက်နေပါသည်။

ICDL-CAD Preparation Course သည် လက်မှတ်ရရုံသာဖွင့်လှစ်သင်ကြားခြင်းမျိုးမဟုတ်ဘဲ AutoCAD ၏နိုင်ငံတကာလုပ်ငန်း ခွင်များတွင် အသုံးပြုသောနည်းစနစ်များနှင့် Command များကိုပါကျွမ်းကျင်တတ်မြောက်အောင်ဖွင့်လှစ်သင်ကြားပေးပြီး ၊သင်တန်းပြီးဆုံး ပါက နိုင်ငံတကာ အသိအမှတ် ပြုလက်မှတ်ကိုပိုင်ဆိုင်နိုင်မည်သာမကဘဲ International Drawing Scale ကိုပါတတ်မြောက်နိုင်မည်ဖြစ်ပါ သည်။ အသေးစိတ်အချက်အလက် များကို သိရှိလိုပါက PHYO Computer Training ,Services & 3D Architectural Design Studio အမှတ်(၁၂)၊ ပထပ်၊ အောင်တော်မူလမ်း (ဂမုန်းပွင့် ကုန်တိုက်ဘေးလမ်း) ၊မြေနီကုန်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့ ၊ ဖုန်း 706136 ၊ နှင့် e-mail: phyo.tc@gmail.com သို့ ဆက်သွယ်စုံစမ်း တက်ရောက် နိုင်ပါသည်။

ICDL အကြောင်းနှင့်ပါတ်သက်၍

International Computer Driving Licence သည် ကွန်ပျူတာ ကျွမ်းကျင်မှု စွမ်းရည်ကို စစ်ဆေးပေးသော နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာ အသုံးချမှုလက်မှတ်ရ စာမေးပွဲဖြစ်ပါသည်။

ICDL ကိုနိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာအသုံးချကျွမ်းကျင်မှု စာမေးပွဲကို နိုင်ငံပေါင်း (146)နိုင်ငံတွင် ဘာသာစကား (36)မျိုးဖြင့် ဖြေဆိုနိုင်ပြီး ဖြေဆိုအောင်မြင်ပါက နိုင်ငံအနှံ့အပြားရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီကော်ပို့ရေးရှင်းများနှင့် အခြားစီးပွားရေး၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ မှ အသိအမှတ်ပြုသော စာမေးပွဲဖြစ်ပါသည်။

ICDL Certificate ဆိုတာဘာလဲ?

ICDL Certificate သည် ကွန်ပျူတာ အသုံးချကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ဖြစ်ပြီး၊ ကျွမ်းကျင်မှု စစ်ဆေးရာတွင် အောက်ဖော်ပြပါ ဘာသာရပ်များကို မိမိတို့ PHYO Training Centre တွင်ဖြေဆိုနိုင်ပါသည်။ 1.ICDL-CAD (AutoCAD) 2.ICDL Advanced Excel 3.ICDL ICT

ICDL စာမေးပွဲကို ဘယ်သူတွေဖြေသင့်ပါသလဲ?

ICDL စာမေးပွဲကို ICT ပညာရပ်ဝါသနာပါသူများ လေ့လာလိုက်စားနေသူများ၊ ကျောင်သား/သူများ၊ လုပ်ငန်းခွင်တွင် ICTပညာရပ်ဖြင့် သက်မွေးဝမ်းကျောင်း ပြုနေသူများ၊ အလုပ်ရရှိရန် ကြိုးပန်းနေသူများ မည်သူမဆို ဖြေဆိုနိုင်ပါသည်။ ICDL စာမေးပွဲသည်မိမိ၏ ကွန်ပျူတာအသုံးချမှု၊ တက်မြောက်ကျွမ်းကျင်မှုကို သက်သေပြနိုင်ရန်နှင့် နိုင်ငံတကာမှ အသိအမှတ်ပြုရန် စစ်ဆေးပေးသော အထူး စာမေးပွဲ တစ်ခုဖြစ်ပါသည်။ မိမိဘ၀၏ ပညာရေးလိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးသော စာမေးပွဲလည်းဖြစ်ပါသည်။

ICDL နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ကိုဘယ်လိုရယူနိုင်မလဲ?

ICDL ဖြေဆိုလိုသူများ မိမိတို့ PHYO Training Centre (Approved Test Centre) တွင်လာရောက်စာရင်းပေးသွင်းပြီး မိမိနှစ်သက်ရာ ဘာသာများကို ဖြေဆိုနိုင်ပါသည်။

ICDL စာမေးပွဲဖြေဆိုခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ - ကွန်ပျူတာကျွမ်းကျင်မှုအတွက် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း။ - အလုပ်အကိုင်ကောင်းများရရှိနိုင်ရန် အခွင့်ရေးကောင်းများရရှိခြင်း။ - Internet နှင့် Computer Application များအသုံးပြုရာတွင် ကျွမ်းကျင်မှုစွမ်းရည် မြင့်မားလာခြင်း။ - အဆင့်မြင့် IT ပညာရပ်များကို ဆက်လက်လေ့လာနိုင်ရန် အခြေခံကောင်းများရရှိလာခြင်း။ - IT ပညာရပ်များကို ဆက်လက်လေ့လာနိုင်စွမ်း တိုးတက်စေခြင်း။

-ပြည်တွင်းလက်မှတ်များထက်စာလျှင် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ကို လက်ဝယ် ပိုင်ဆိုင်ထားခြင်း အားဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းခွင်များတွင် အများထက်သာလွန် ရင်ဘောင်တန်း နိုင်မည် ဖြစ်ပါသည်။လုပ်ငန်းရှင်များအနေဖြင့်လည်း အရေအတွက်ထက် အရည်ချင်းကို အကဲဖြတ်ရာ၌ ICDL လက်မှတ်ကိုဦးစားပေးရွေးချယ်လာကြပြီဖြစ်ပါသည်။တက်ရောက်သူများအနေဖြင့်လည်း လက်မှတ်ရရုံ သင်ကြားသော သင်တန်းများ ထက်အမှန်တကယ်တတ်မြောက်စေရန် ရည်ရွယ်သင်ကြားပေးသော Centre များကိုရွေးချယ်တက်ရောက်သင့်ပါသည်။

အသေးစိတ်အချက်အလက်များကိုထပ်မံသိရှိလိုပါက http://www.ecdl.com တွင်ကြည့်ရှုနိုင်ပါသည်။

Post Reply

You must be logged in and a member of this Groupsite in order to post a reply to this topic.
To post a reply, contact your group manager(s) Join this Groupsite

 

မေတ္တာအေးရိပ်
Powered by Groupsite.com

Visibility Public Membership By Invitation or Approved Request Default Profile Social

Your Status Not Logged-In